ပုသိမ် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ စက်တော်ရာ ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ပုသိမ်မြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဘေးလမ်း အုတ်ရေမြောင်း တည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသားတိုးချဲ့နေမှု၊ ဈေးချောင်းတူးဖော်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းဆယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ဘူတာရုံလမ်းဘေးဝဲယာ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရေမြောင်းဆယ်ယူနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပုသိမ်မြို့ ကျောက်ငူလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပိုလန်ဆိပ်တွင် ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျောင်း ကစားကွင်းဖော်ဆောင်မည့် မြေနေရာ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖော်ဆောင်ထားရှိပြီးသည့် ကျောင်းအားကစားကွင်းနှင့် ဆက်လက်ဖော်ဆောင်မည့် မီနီအားကစားကွင်း မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


