ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်ရေး ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား၊ ၁၂ ဖေဖော်ဝါရီ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ ကချင်ပြည်နယ်အတွင်း တည်ဆောက်မည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များအား ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက လက်ရှိ အသုံးပြုလျက်ရှိသည့် တံတားအဟောင်း၏ အောက်ဘက် မီတာ ၄၀ အကွာတွင် တံတားအရှည် ၃၂၁၂ ပေ (၉၇၉ မီတာ)နှင့် ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီရှိ သံကူကွန်က ရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊  Steel Box Girder and RCC Slab အမျိုး အစား တံတားတည်ဆောက်သွားမည့် အခြေအနေ၊ ကနဦးအကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် တံတားသစ်စီမံကိန်းနှင့်မလွတ်သည့် မြေယာကိစ္စအခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တံတားသစ်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုရာ၌ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး၊ မြေယာကိစ္စရပ်များအား အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရေး၊ တံတားသစ်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချက်အတိုင်း အရည် အသွေးမီတည်ဆောက်သွားရေး၊ တံတားအဟောင်းကိုလည်း ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းဆောင်ရွက် သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တံတားသစ်စီမံကိန်းကို ဘဏ္ဍာနှစ် သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး တံတား၏ ခွင့်ပြု အလေးချိန်မှာ ယာဉ်တစ်စီးချင်း ၇၅) တန် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တံတားသစ်ပြီးစီးပါက တံတားအဟောင်းနှင့် အသွားလမ်း/ အပြန်လမ်း လေးလမ်းသွားအဖြစ် အသုံးပြုသွားနိုင်မည်ဖြစ် ကြောင်းနှင့် လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း ၂၅ နှစ်ခန့် ရှိနေပြီဖြစ် ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)