၂၉ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် ယခုလို ရာသီဥတုကောင်းမွန်ကာ ကြည်လင်ပွင့်လင်း လာပြီဆိုလျှင် နိုင်ငံနှင့်အဝန်း စာပေဟောပြောပွဲများ အုန်းအုန်းကျွက်ကျွက် ကျင်းပသည့် အစဉ်အလာရှိ၏။ ယခုခေတ်များတွင်မူ ရာသီမရွေးပင် ကျင်းပလာသည်အထိ မြန်မာတို့က စာပေနှင့် ပတ်သက်လျှင် နိုးကြားတက်ကြွကြပါသည်။