နေပြည်တော် နိုဝင်ဘာ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ၁၃၂ကေဗွီ တောင်ကြီးပင်မ ဓာတ်အားခွဲရုံ သို့ သွားရောက်ပြီး  အသစ်တိုးချဲ့တည်ဆောက်နေသည့် ၁၃၂/ ၆၆/ ၁၁ ကေဗွီ, ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ နှင့် ၆၆ ကေဗွီ Switch Bay များကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြား၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ကလောမြို့ရှိ ၁၃၂ကေဗွီ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရပြီး ဆွိယာဒ် အတွင်း ထရန်စဖော်မာနှင့် ဓာတ်အား လွှတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များက ၆၆ ကေဗွီ နောင်တရားဓာတ်အားခွဲရုံအသစ်အတွက် Switch Bay အသစ်တိုးချဲ့ တည်ဆောက်ရန် စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ ၆၆ ကေဗွီ ရမည်းသင်း ဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ၃၃ကေဗွီ မြို့မ ဓာတ်အားခွဲရုံမှ ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် ဓာတ်အားခွဲရုံဆိုင်ရာ များ၊ ၆၆ကေဗွီ ရွှေမြို့ - ရမည်းသင်း ဓာတ်အားလိုင်းအသစ်နှင့် ဆွိယာဒ်အတွင်း ၆၆ကေဗွီ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ပြီးစီး နေမှုကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  လုပ်ငန်းများပြီးစီး၍ ရွှေမြို့ပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်လာမည့် ၆၆ကေဗွီဓာတ်အားကို လက်ခံဖြန့်ဖြူးနိုင်ရေး လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ထားရှိရန်၊ ဓာတ်အားခွဲရုံနှင့် ရုံးဝန်းအတွင်း သန့်ရှင်း သာယာလှပမှုရှိစေရေး ပုံမှန်ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်