နေပြည်တော် ဇွန် ၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အောက်ဆင်သေကြိုးဝိုင်း သစ်တော နယ်မြေများအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားရမ်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီများနှင့် ရွှေနှင့်ဓာတ်သတ္တုကုမ္ပဏီများက စိုက်ပျိုးတည်ထောင် ထားရှိသည့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများနှင့် သစ်တောဦးစီးဌာနမှ တည်ထောင်ထားရှိ သည့် ကျေးရွာသုံးထင်းစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားရှိသည့် ၂၅၂ ဧက ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းငါးခုနှင့် အောက်ဆင်သေကြိုးဝိုင်း အကွက်အမှတ်(၂၉)ရှိ ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၁၀၀ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက သေပင်ဖာထေးခြင်း လုပ်ငန်းများကို မိုးရာသီအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးမှု မရှိစေရေးအတွက် ခြံစည်းရိုးများ စနစ်တကျပြင်ဆင်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


