နေပြည်တော် မေ ၂၅

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင် ဆန်းသစ်မှုစင်တာ၌ သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းမှုကို တက်ရောက်အားပေးကာ လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

 

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ဘာသာရပ်သင်ကြားရေးဆိုင်ရာ သိပ္ပံလက်တွေ့ခန်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ တက္ကသိုလ်များ သိပ္ပံသုတေသနဌာန၊ အပန်းဖြေရိပ်သာ၊ အလေးမ အားကစားရုံနှင့် တက္ကသိုလ်ဥပဓိ ရုပ်ကောင်းမွန်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံတက္ကသိုလ်သို့ ရောက်ရှိကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မိုးရာသီတက္ကသိုလ် သာယာလှပရေးအတွက် တက္ကသိုလ်ဝင်းအတွင်းကိုလည်းကောင်း၊ သင်ကြားရေး လက်တွေ့ခန်းများ အဆင့်မြှင့်တင်ရေးအတွက်လည်းကောင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်