ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြိတ်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့် ပြုလက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေး အပ်ခြင်း အခမ်းအနားသို့ တက်ရောက်

မြိတ် ၁၅ ဇန်နဝါရီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် မော်လမြိုင်မြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိပြီး ပုလဲရတနာခန်းမ၌ ကျင်းပသည့် ပြန်လည်စွန့်လွှတ် အပ်နှံသည့် လယ်ယာမြေများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-) လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်လည်စွန့်လွှတ်သည့်မြေများအား လက်ခံရယူကြမည့် တောင်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့အခမ်းအနားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျောက်ဖျာမြို့သစ်စီမံကိန်းအတွင်းမှ ပြန်လည်စွန့်လွှတ်သည့် မြေ(၄၄၁၆ ဒသမ ၆၁) ဧကအနက် ကျောက်ဖျာကျေးရွာအုပ်စု အတွင်းမှမြေဧရိယာ (၁၁၉၃ ဒသမ ၇၇) ဧကကိုတောင်သူ (၁၄၉) ဦးထံသို့လည်းကောင်း၊ သဘွတ်ကျေးရွာအုပ်စု အတွင်းမှ ဧက(၁၁၇၀ ဒသမ ၇၀) ကို တောင်သူ (၁၉၉) ဦးထံသို့ လည်းကောင်း၊ စုစုပေါင်း စိုက်ပျိုးမြေ (၂၃၆၄ ဒသမ ၄၇) ဧကအတွက် မူလတောင်သူ (၃၄၈) ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ()များ လွှဲပြောင်းပေးအပ်သွားမည့် အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူစဉ်ကာလအတွင်း စွန့်လွှတ်အပ်နှံမြေများ မူလတောင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲများကို မိမိကိုယ်တိုင် တက်ရောက်အားပေးခဲ့ရာ ယခုအခမ်းအနားသည် (၂၅)ကြိမ်မြောက် အခမ်းအနားဖြစ်ပါကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုသော်လည်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ယခုကဲ့သို့ အကျဉ်းချုံး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကပ်ရောဂါမှ ကင်းဝေးလွတ်မြောက်စေရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း။

စီမံကိန်းအလို့ငှာ ရယူထားသည့် မြေများအပေါ် စီမံကိန်းအတိုင်း အကောင်အထည် ဖော်မှုမရှိသည့် မြေများကို မူလတောင်သူများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်လွှဲပြောင်း နိုင်ရေးနှင့် စီမံကိန်းအတိုင်း ဆက်လက်အသုံးပြုမည်ဆိုပါက လျော်ကြေးငွေပေးဆောင်ခြင်းနှင့် မြေအစားပေးခြင်းများ မရှိခဲ့သေးလျှင် လျော်ကြေးငွေနှင့် နစ်နာကြေးငွေပေးကြရန် သက်ဆိုင်ရာ မြေရယူထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း။

မြေယာကိစ္စသည်စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေကြောင်းအရ ညီညွတ်ခြင်း ရှိ/မရှိ စိစစ်စစ်ဆေးရသကဲ့သို့ မှတ်တမ်းမှတ်ရာ မပြည့်စုံမှုများကြောင့် လက်တွေ့ကိုင်တွယ် ဖြေရှင်းရာတွင် အချိန်ယူရပါကြောင်း၊ အမှားအယွင်းမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေး သေချာရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာနှင့်ယှဉ်၍ တရားမျှတမှုရှိအောင် အတတ်နိုင် ဆုံးဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။

စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ရည်ရွယ်ချက်အတိုင်း လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာစေရေး ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးကာကွယ်ဆောင် ရွက်ပေးရန်တို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

မိမိတို့နိုင်ငံကို စက်မှုလယ်ယာအခြေခံသည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရာတွင် အခြေခံ အရင်းအမြစ်ဖြစ်သည့် လယ်ယာမြေများ ဖော်ထုတ်ရေးသည် အရေးပါသည့်အချက် တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းအဖြစ် အသုံးပြုခြင်းမရှိသည့် လယ်ယာမြေများကို တောင်သူ များ လက်ဝယ်ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းစဉ်အပြင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်စေပြီး လုပ်ပိုင်ခွင့်လျှောက်ထားစေခြင်းဖြင့် သတ်မှတ်ကာလတွင် လယ်ယာမြေအဖြစ် ပိုင်ဆိုင်ခွင့်ရအောင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်က တောင်သူလယ်သမားများကို မိမိဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သီးနှံများစိုက်ပျိုးခွင့်ပေးထားပြီးဖြစ်သကဲ့သို့ တောင်သူလယ်သမားများ၏လိုအပ်ချက်များကို အစဉ်တစိုက် လေ့လာပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစပါးဈေးနှုန်း ရည်ညွှန်းသတ်မှတ်ပေးပြီး သတ်မှတ်ဈေးအောက်ကျဆင်းပါက နိုင်ငံတော်အစိုးရ၏ လှည့်ပတ်ရန်ပုံငွေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝယ်ယူပေးလျက်ရှိပါကြောင်း၊ ပြည် တွင်းဈေးကွက်တွင် မငြိမ်မသက်ဖြစ်နေသည့် မတ်ပဲနှင့် ပဲမျိုးစုံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊ အလားအလာရှိမည့် အမယ်သစ်ပို့ကုန်များ ပေါ်ထွက်လာစေရေးနှင့် အစိုးရအချင်းချင်း ညှိနှိုင်းရောင်းဝယ်သည့် အစီအစဉ်များ ပေါ်ပေါက်လာစေရေးတို့အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း။

ပြည်တွင်း ပြည်ပဈေးကွက်နေရာရရှိရေးအတွက် ယခင်ကကုန်ကြမ်းအနေဖြင့်သာ တင်ပို့ရောင်းချခဲ့သည့် အနေအထားမှတန်ဖိုးမြှင့် ထုတ်ကုန်ကုန်ချောများအဖြစ် အဆင့်မြှင့် တင်ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးအတွက် အဆင့်မြင့် နည်းပညာခေတ်မီ ထုတ်ပိုးပြုပြင်စက်များဖြင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုကဲ့သို့ ပြန်လည်လုပ်ပိုင်ခွင့်ရလာသည့် လယ်ယာမြေများကိုအသုံးချပြီးထွက်ရှိ လာမည့်မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေး လိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း။

မြေသယံဇာတအရင်းအမြစ်သည် တိုးပွားအောင်လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် အရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အရင်းအမြစ်သည် မိမိတို့တောင်သူများအတွက် မရှိ မဖြစ်လိုအပ်သည့် အခြေခံအကျဆုံးနှင့် တန်ဖိုးအရှိဆုံး အရင်းအမြစ်တစ်ခုလည်းဖြစ်သည့်အတွက် မြေအရင်းအမြစ်များကို အသုံးချရာတွင် ရေရှည်တည်တံ့မှုရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေသည့် အသုံးချမှုများ လိုအပ်ပါကြောင်း၊ သို့မှသာ တောင်သူလယ်သမားများအနေဖြင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အရင်းအမြစ်များခိုင်မာမှုနှင့် ရေရှည်တည်တံ့မှုကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။

 

d2

 

ပြန်လည်စွန့်လွှတ်သည့်မြေများကို မူလပိုင်ရှင်တောင်သူများထံအမြန်ဆုံး လက်ဝယ်သို့ ရောက်ရှိအောင် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ လယ်ယာမြေများကို လက်ဝယ်ပြန်လည် ရရှိကြပြီဖြစ်ကြသည့် တောင်သူများ အနေဖြင့်လည်း နိုင်ငံတော်၏ လုပ်ကိုင်ဆောင်ရွက်ပေးနေမှုများကို သိမြင်နားလည်ပြီး ယခင်ကထက်ပိုမိုကြိုးစားလုပ်ကိုင်ပေးကြရန်နှင့် တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းဝဖူလုံရေးမှတစ်ဆင့် နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာ မြေများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင် က တနင်္သာရီတိုင်းဒေသကြီးအတွင်း စွန့်လွှတ်မြေများအနက် မူလတောင်သူများထံသို့ လယ် ယာမြေယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ - ) ပေးအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

d1

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊  တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တို့က ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် - ၁၇၁() (ကျောက်ဖျာအရှေ့ကွင်း) ကွင်းအမှတ် - ၁၇၂(ကဘင်းကွင်း) ကွင်းအမှတ်- ၁၇၃(က) (ကဘင်းကွင်း) ကွင်းအမှတ် - ၉၆၂ (အထူးရာကြီးအရှေ့ကွင်း) ကွင်းအမှတ်-၉၆၃ (ကိုးပင်အနောက်ကွင်း) ကွင်းအမှတ် - ၁၇၅ (လွတ်လွတ်တောင်ကွင်း)နှင့် သဘွတ်ကျေးရွာ အုပ်စုအတွင်းရှိ ကွင်းအမှတ် - ၁၆၇ (ဆင်ရိုင်းကွင်း) ကွင်းအမှတ်-၈၄၃၊ (ဆင်ထဲကွင်း သစ်ကွင်း) ကွင်းအမှတ်-၁၇၀ (လဝဲကွင်း) ကွင်းအမှတ်-၁၆၈ (တားချယ်ကွင်း) ကွင်းအမှတ်-၉၆၁(ဗန္ဓုလတောင်ကွင်း) တို့မှ တောင်သူများအား လယ်ယာမြေယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ - ) များပေးအပ်ကြသည်။

d3

ထို့နောက် လယ်ယာမြေယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-) လက်ခံရယူကြသည့် တောင်သူများကိုယ်စား ကျောက်ဖျာကျေးရွာမှ တောင်သူ ဦးအောင်ကြည် က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား နှုတ်ဆက်သည်။

 

a1

 

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့်မြိတ်မြို့မှ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာသို့ရောက်ရှိပြီး ပြည့်ဖြိုးထွန်းအင်တာနေရှယ်နယ် ကုမ္ပဏီလီမိတက်၏ ရေငန်ပုဇွန် မွေးမြူရေးလုပ်ငန်းစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင်ဖေဖော်ဝါရီလတွင်  စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး (၄၁၅)ဧက ကျယ်ဝန်းကာ လက်ရှိတွင်ပုဇွန်မွေးမြူကန် ၆၁ ကန်ရှိပြီဖြစ်ကြောင်း၊ ရေငန်ပုဇွန်ဖြူ အမျိုးအစားကိုသာမွေးမြူပြီး မွေးမြူရေးကန်တစ်ကန်လျှင် ပုဇွန်သားပေါက် ၁၂ သိန်းမှ ၁၅ သိန်းအထိ ထည့်သွင်းမွေးမြူနိုင်ကြောင်း၊ မွေးမြူရေးကန်တစ်ကန်မှ တစ်ကြိမ် လျှင်ရေငန်ပုဇွန် ၂၅ တန်မှ တန် ၃၀ အထိထွက်ရှိကြောင်း၊ ပုဇွန်များကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ အဓိက ထားတင်ပို့ရောင်းချကြောင်း၊ မွေးမြူရေးကန်တစ်ကန်လျှင် တစ်နှစ်ကာလအတွင်း () ကြိမ်မွေးမြူ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

a2

ဆက်လက်၍ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ကျွန်းစုမြို့နယ်၊ စမတ်ကျွန်းသို့ရောက်ရှိပြီး ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက လိုက်လံ ရှင်းလင်းပြသသည်။

အဆိုပါကျွန်းသည် မြိတ်မြို့မှ ၄၈ မိုင်ကွာဝေးပြီး အမြန်ရေယာဉ်ဖြင့် နာရီကြာခရီး ရှိကြောင်း၊   မြိတ် - ဒုံးကျွန်းရေတံခွန်နှင့် စမတ်ကျွန်းကမ်းခြေခရီးစဉ်အတွင်း ဗမာ၊ ကရင်နှင့် ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝများကိုလေ့လာနိုင်ခြင်း၊ ကယက်လှေ စီးခြင်း၊ ကမ်းဦးရေ တိမ်ပိုင်းအလှများ နှင့် ပင်လယ်ကမ်းခြေအလှများကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ငါးမျှားနိုင်ခြင်းနှင့် လတ်ဆတ်သည့် ပင်လယ်အစားအစာများ စားသုံးနိုင်ခြင်း စသည့် ဝန်ဆောင်မှုများကို ရရှိနိုင်မည့် တစ်ညအိပ်နှစ်ရက်ခရီးစဉ်ကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

a3

 

ယင်းနောက်  ဒုတိယသမ္မတသည် ဒုံးကျွန်းရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖော် ဆောင်လျက်ရှိသည့် ဒုံးညောင်မှိုင်းကျေးရွာအား အမြန်ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။

သတင်းစဉ်