ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်

မော်လမြိုင်  ၂၉  မေ           


 
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ နောက်ဆုံးနေ့ ကိုမေလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီက မော်လမြိုင်၊ မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ကြယ်ပွင့်ပြမေးခွန်း (၅) ခု ကိုမေးမြန်ရာ သက်ဆိုင်ရာမွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်း စုစုပေါင်း(၂၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ရေးရာကော်မတီ (၇) ခု သက်တမ်းတိုးခြင်းနှင့် အတည်ပြုခြင်း၊ လျာထားချက် (၁) ရပ်ကို အတည်ပြုခြင်း၊ ဥပဒေကြမ်း (၁) ခုကို အတည်ပြုခြင်း၊ ရေးရာကော်မတီ (၂) ခု၏ ဆောင်ရွက်ချက် အစီရင်ခံစာ (၂) ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အနှစ်ချုပ်တွင် တင်ပြပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)