ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၂၇  နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး ၏ ရန်ကုန် - ပုသိမ်ကား လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပြီး မည်သည့်အချိန် တွင် ပြီးစီးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရန်ကုန် - ပုသိမ်လမ်း (၁၁၃) မိုင်အား ၂၀ဝ၈ ခုနှစ် ဧပြီ ၁ ရက် မှ စတင်၍ Oriental Highway Co.,Ltd သို့ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး B.O.T ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါ လမ်းမကြီးအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပဏာမ အနေဖြင့် ဒေါ်လာသန်း(၁၂၀)အကုန်အကျခံပြီး အဆင့်မြှင့်တင်ဆောင်ရွက်မည့် စီမံ ကိန်းတစ်ခုကို အဆိုပြုလာခဲ့ပါကြောင်း၊ ADB အနေဖြင့် B.O.T စနစ်ဖြင့် ပုဂ္ဂလိက အကောင်အထည်ဖော်နေသော စီမံကိန်းများတွင် ချေးငွေအား သတ်မှတ်ထားသည့် နှစ် ကာလအတွင်း ပြန်လည်ပေးဆပ်စေပြီး ဒေသနှင့် နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်စေ သော စီမံကိန်းများကို step in – step out Method အနေဖြင့် ADB နှင့် World Bank တို့မှ ဖိလစ်ပိုင်၊ အဇာဘိုင်ဂျန်၊ သြစတြေးလျ၊ နယူးဇီလန်၊ UK၊ ကနေဒါ၊ အိန္ဒိယအစရှိ သည့် နိုင်ငံတို့တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သည့် စီမံကိန်းများ နမူနာအနေဖြင့် ရှိခဲ့ပြီး ဖြစ်ပါကြောင်း။

 

12

 

အဆိုပါ စီမံကိန်း နမူနာများအတိုင်း ရန်ကုန် - ပုသိမ်လမ်းမကြီးကို step in – step out Method ဖြင့် အဆင့်မြှင်တင်ပြီး (၂၄)နှစ် အတွင်းကောက်ခံရရှိသည့် ငွေများကို ADB ချေးငွေသို့ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း၊ ချေးငွေပေးဆပ်ပြီး ချိန်မှ Concession Period နောက်ဆုံးကျန်သည့် (၉)နှစ်ကို ကုမ္ပဏီအနေဖြင့်  ရရှိမည် ဖြစ်ပြီး  step in – step out program (၁)ခုအနေဖြင့် ADB မှ တင်ပြလာသည့် ယင်းအဆိုပြု စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဆိုပါ စီမံကိန်းအား စတင်ဆောင်ရွက်ရန် ADB ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်သည့် Oriental Highway Co.,Ltd တို့အကြား Temporary Transfer Agreement (TTA) စာချုပ်ကို ၂၀၁၈ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ချုပ်ဆိုခဲ့ပါကြောင်း။

 

 

အဆိုပါ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင် (TTA) စာချုပ်အရ လမ်းတစ်လမ်း လုံးကို ADB ၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ADB ၏ အစီအစဉ်အရ Consultant ရွေးချယ်ခြင်း၊ Feasibility Study ကို Detail ဆောင်ရွက်ခြင်းနှင့် Enviromental၊ Resettlement  စသည်တို့နှင့် ပတ်သက်သည့် ဖြေရှင်းရမည့် ကိစ္စများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Consultant ကသတ်မှတ်ပေး သည့် ပုံစံအတိုင်း Contractor တင်ဒါခေါ်ယူ ရွေးချယ် ရမည်ဖြစ်ပြီး အဆိုပါ အဆင့်များ ဆောင်ရွက်ရန် (၂)နှစ်မှ (၃)နှစ်ခန့် ကြာမြင့်မည် ဖြစ်ပါကြောင်း။

 

အဆိုပါ  လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အချိန်အတွင်း ရန်ကုန် - ပုသိမ် လမ်းမကြီးသည် ယာဉ်အစီးရေ တိုးတက်များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မိုင်တိုင် အမှတ် (၅/၄) မှ (၁၇/၄)အထိ (၁၂) မိုင်ကို မူလ B.O.T စနစ်ဖြင့်အကောင်အထည် ဖော်ခဲ့သော Oriental Highway Co.,Ltd ကို တိုက်ရိုက် တာဝန်ပေးအပ်ပြီး (၄၆)ပေနှင့် (၃၆) ပေအကျယ် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ယခု အချိန်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

 

အဆိုပါ အခြေအနေတွင် ဆောက် လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအပိုင်းအဆုံး မိုင်တိုင်အမှတ် (၁၇/၄)မှ ဗိုလ်မြတ်ထွန်းတံတား မိုင်တိုင်အမှတ် ၏(၄၁/၄)အထိ စုစုပေါင်း (၂၄)မိုင်ကို အကျယ် ပေ (၃၀) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ တင်ပြ တောင်းခံခဲ့ရာတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့သည့်အတွက် လမ်းအထူးအဖွဲ့ (၃)ဖွဲ့၊ ခရိုင်အဖွဲ့(၂)ဖွဲ့ စုစုပေါင်း အဖွဲ့(၅)ဖွဲ့ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းအပိုင်း (၁၂)မိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဗိုလ်မြတ်ထွန်းတံတားအထိ (၂၄) မိုင် လုပ်ငန်းများအားလုံးကို ၂၀၂၀ခုနှစ် ဇွန်လတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

 

ထို့ပြင် ဗိုလ်မြတ်ထွန်းတံတား မှ ပုသိမ်အထိ စုစုပေါင်း မိုင် (၇၀) (၁)ဖာလုံ ကျန်ရှိနေပါကြောင်း၊ အဆိုပါ လမ်းပိုင်းကို ADB အနေဖြင့် ယာဉ်သွားလမ်း အကျယ် (၃ ဒသမ ၅)မီတာ (၂)လမ်းနှင့် တစ်ဖက်ကို (၂ဒသမ၅) မီတာ Paved Shoulder (၂)လမ်း စုစုပေါင်း(၄)လမ်းသွား အဖြစ် ဗိုလ်မြတ်ထွန်း နှင့် ပုသိမ်ကြားတွင် အပြည့်အဝဆောင် ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းကို (၂)နှစ် ကျော်ကာလဖြင့် ပြီးစီးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် ရန်ကုန် - ပုသိမ်လမ်းမကြီးကို နေ့ရောညပါ ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ယင်းသို့ဆောင် ရွက်နေသည့်အချိန်တွင် ခရီးသွားပြည်သူများအနေဖြင့် အခက်အခဲများ၊ အဆင်ပြေမှု များ ရှိပါက ခေတ္တသည်းခံခွင့်လွှတ်ပေး ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ဖြေကြား သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း ၏ စစ်ကိုင်းမြို့ နယ်အတွင်းရှိ စစ်ကိုင်း - ဝက်လက် - ရွှေဘို ခရိုင်ချင်းဆက်လမ်းအား တိုးချဲ့၍ အဆင့် မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က အဆိုပါ ခရိုင်ချင်းဆက်လမ်းမကြီးသည် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် ရွှေလီ - မူဆယ် - ထီးချိုင့် - စစ်ကိုင်း - မန္တလေး - နေပြည်တော် - ကျောက်ဖြူလမ်းမကြီး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းမကြီးကို  Express Way အဖြစ်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး One Belt One Road စီမံ ကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်းကို နိုင်ငံတကာအဆင့် မီအဝေးပြေးလမ်းမကြီး ဖြစ်လာမည့် Early Hervest Project (၄)ခုတွင် လည်း ထည်သွင်းထား ပြီး ဖြစ်ပါကြောင်း၊ လတ်တလောတွင် ခရိုင်ချင်းဆက်လမ်းအား တိုးချဲ့ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုနိုင်မီအချိန်တွင် ပျက်စီးမှုများ ပြင်ဆင်ထိန်း သိမ်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်းသွားသော မုံရွာ - ရေဦး - ကလေးဝ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပျက်စီးနေသော လမ်းပိုင်းများ အား (၁၂)ပေအကျယ်မှ (၁၈)ပေအကျယ် ကတ္တရာလမ်း တာချဲ့ခြင်း ဆောင်ရွက်ပေး ရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က လွှတ်တော်ကိုယ်စား လှယ်မေးမြန်းသည့် ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အကြား ပျက်စီးနေသော မိုင် တိုင်အမှတ် (၃/၄)မှ (၁၀/၇)အထိ (၇)မိုင် (၃)ဖာလုံ၊ တန့်ဆည်မြို့နှင့် ကံထူးမရွာ အကြား ပျက်စီးနေသော မိုင်တိုင်အမှတ်(၁၄/ဝ)မှ (၁၆/ဝ)အတွင်း (၂)မိုင်နှင့် ကျန်ရှိ အပိုင်းများအား (၁၂)ပေမှ (၁၈)ပေ အကျယ် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ အဖြစ် လုပ်ငန်းများဆောင်ရွက်ရန် လာမည့် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံ ငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း ၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာနှင့် ဓနုဖြူမြို့နယ်၊ နှဲကြိုးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ပေ(၄၃၀)အရှည် ကျေးရွာချင်းဆက် ချောင်းကူးဝါးတံတားအား ခိုင်မာသည့် တံတားတစ်စင်းအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသည့် ကျေးရွာချင်းဆက် ချောင်းကူးတံတားကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများတင် ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်သို့ ဆက်သွယ်ပေးမည့် မြစ်ကူးကြိုးတံတား တစ်စင်းအား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က လွှတ် တော်ကိုယ်စားလှယ် မေးမြန်းသည့် အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်သို့ ဆက်သွယ်မည့် လူကူးကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များ ပါဝင်သည့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေးကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားပါကြောင်း၊ ထို့ ကြောင့် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ယင်းကော်မတီအစည်းအဝေးတွင် တံတားတည် ဆောက်လိုသည့် စီမံကိန်းနေရာကို ဆုံးဖြတ်ချက်တစ်ရပ် အတည်ပြု၍ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ တင်ပြ သွားရမည် ဖြစ်ပါကြောင်း ဖြေကြား သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ် တော်က အတည်ပြုပြီး ပေးပို့ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ် ပေးမှု ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်း နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံး အဖြတ် ရယူအတည်ပြုသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေး မြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး နိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ပြင်ဆင်ချက် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်