ဒါဖာတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၆၀ သေဆုံး

၂၇ ဇူလိုင်

 

 

ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖာတွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ သေဆုံးခဲ့ပြီး၊ ၆၀ ဒဏ်ရာ ရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

 

 

စနေနေ့ မွန်းလွဲပိုင်း အတွင်းက အနောက်ဒါဖာပြည်နယ် မာစီဒီရွာအား စစ်သွေးကြွ ၅၀ဝ က တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး ကတနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သော လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်များ အနက်မှ တစ်ခုဖြစ်သည်။

 

 

ကျေးရွာများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဈေးများနှင့်ဈေးဆိုင်များ လုယက်ခြင်းနှင့် အခြေခံ အဆောက်အအုံများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

အစိုးရသည် လယ်သမားများအတွက် အကာအကွယ်ပေးရန် လုံခြုံရေး မတည်ငြိမ်သည့် ဒေသများသို့ ကာကွယ်ရေး တပ်ဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာ ဟန်ဒက်က ပြောကြားခဲ့သည်။

 

 

လယ်သမားများသည် ၎င်းတို့၏ လယ်ယာလုပ်ငန်းခွင်မှ ပြန်လာစဉ် လမ်းတွင် အမည်မသိ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လယ်သမား ၂၀ သေဆုံးခဲ့ပြီး ရက်အနည်းငယ်အကြာတွင်  အဆိုပါ ကြေညာချက်ကို  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

 

 

ဒါဖာဒေသ နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ မြှင့်တက်လာခြင်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာနေကြောင်း ကုလသမဂ္ဂကက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်