နေပြည်တော်၊ ၄ ဖေဖော်ဝါရီ
(၂၀၂၁) ပညာသင်နှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ (၁-၇-၂၀၂၀) ရက်နေ့တွင် ပြုလုပ်သော ဘွဲ့လွန်ဆေးပညာသင်ကြားရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၀)နှင့် (၄-၂-၂၀၂၁)ရက်နေ့တွင် ကျင်းပသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)တို့၏ သဘောတူညီချက်အရ ဒီပလိုမာ၊ မဟာသိပ္ပံ၊ ပါရဂူဘွဲ့လွန်သင်တန်း စုစုပေါင်း (၁၃၇)မျိုး၊ သင်တန်းသားဦးရေ (၂၀၈၂)ဦးခန့်ဖြင့် ဖွင့်လှစ်နိုင်ရေးကို (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒုတိယပတ်မှစ၍ သက်ဆိုင်ရာတက္ကသိုလ်အလိုက် လျှောက်လွှာများခေါ်ယူမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


