ဓနုဖြူ  ၁၇   စက်တင်ဘာ 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် Physical And Myanmar Fitness Dance သင်တန်းအား စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ဓနုဖြူမြို့၊ အမှတ် (၁၀)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမတွင်ဖွင့်လှစ်မည်ဖြစ်သည်။


အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ လူလတ်ပိုင်း၊ လူကြီးပိုင်းများ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဖြစ်စေသော လေ့ကျင့်ခန်းများ သင်ကြားပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)