ဧရာဝတီ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပုံလုံသီးကို စီးပွားဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပုံလုံသီးကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ခူးဆွတ်ရကြောင်း၊ ဘောင်ခတ်၍ ပင်ခြားတစ်ပေ၊ တန်းခြားငါးပေအကွာ စင်တင်စနစ်ဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခနှင့် သယ်ယူစရိတ်အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ပတ်တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် စုစုပေါင်းအတောင့်ရေ ၆၅၀၀ မှ ၇၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကာ တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)