ဓမ္မဂဝေသီ တက္ကသိုလ်ဓမ္မာရုံ ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ

ဘားအံ နိုဝင်ဘာ ၂၇

ဘားအံတက္ကသိုလ်၌ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပရာတွင် အသုံးပြုနိုင်ရန် တည်ဆောက်ပြီးစီးသော  ဓမ္မဂဝေသီတက္ကသိုလ်ဓမ္မာရုံ ရေစက် ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တက ဝိဓဇ၊ တောင်ကလေးပရိယ တ္တိပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း) အမှူးပြုသော ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများက ဓမ္မာရုံ အတွင်း သီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာတင် ဆင်ယင်ကျင်းပတော်မူကြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဘားအံ တက္ကသိုလ်ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိကများ၊ ဌာနမှူးများနှင့် တက်ရောက်လာသူများက ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ ထံမှ ကိုးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ဌာနမှူး များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဇွဲကပင် ကျောင်းဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်ဘုရားကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်