နေပြည်တော် မေ ၂၈

 

ဓာတုပစ္စည်း စီမံခန့်ခွဲမှု သင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဓာတုပစ္စည်းစီမံခန့်ခွဲရေး ဗဟိုဌာန၌ ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် Virtual စနစ်ဖြင့် တက်ရောက်ကြ သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှပို့ချသွားမည့် သင်ခန်း စာများသည် လက်ရှိဓာတုပစ္စည်း နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင် ရွက်နေသည့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် အသိ ပညာနှင့်ဗဟုသုတများ ပိုမိုရရှိပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကောင်းစွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လာကြသူများအနေဖြင့် သင်ကြားပို့ချမည့် အကြောင်းအရာများကို စိတ်ပါဝင် စားစွာ လေ့လာသင်ယူဆွေးနွေးပြီး မိမိတို့၏ လုပ်ငန်းတာဝန်များတွင် လက်တွေ့အသုံးချဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်း၌ ဆွေးနွေးပို့ချမည့် အကြောင်းအရာ များကို ရှင်းလင်းတင်ပြသည်။

 

ယခုသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၆၅ ဦးတက်ရောက်ပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 သတင်းစဉ်