ရန်ကုန် မေ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၄၆)ရပ်ကွက် သန္တိသုခဓမ္မာရုံ၌ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက မေ ၇ ရက်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဦးတင်ဝင်းစိုးနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ