‌ဒေးဒရဲမြို့၌   အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

mdn

ဒေးဒရဲ  ၂၇ ဇွန်   

 

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ  အသုံးချတတ်စေရန်၊  ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊   ရပ်ကွက်ပေါင်းစုံ၊  ကျောင်းပေါင်းစုံမှ   ထူးချွန်ထက်မြတ်သောလူငယ်ကစားသမားများ‌ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးမှူးကျင်းပသော ဒေးဒရဲမြို့နယ်အားကစား တိုးတက်ရေးအစီအစဉ် (TSDP) အရ ကျင်းပသော (၁၃)နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲ၊(၂၅)နှစ်အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တက်ရောက်လာသူများက ပြည်ထောင်စုနိုင်ငံတော် အလံအားအလေးပြု ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။  ထို့နောက်  စစ်ကြောင်းမှူးဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

 

အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်ကျော် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာဦး၊ ဌာနဆိုင်ရာများ ပြိုင်ပွဲကော်မတီ အဖွွဲ့ဝင်များက ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အေဇာလင်း

 

mdn