စပါးတို့ ဗီလာကို အနိုင်ရပြီး လီဗာပးနှင့် မန်းစီးတီး သရေကျ

အောက်တိုဘာ ၄

ပရီမီယာလိဂ် ပွဲစဉ်(၇) ပွဲစဉ်များကို အောက်တိုဘာ ၃ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ စပါးက ဗီလာကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရသည်။

စပါးအသင်းအနေဖြင့် ယခုပွဲအနိုင်ရရေးအတွက် ကစားပုံကောင်းမွန်ခဲ့ပြီး ပထမဂိုးကို ပွဲချိန် ၂၇ မိနစ်တွင် ဆွန်ဟောင်မင်၏ ပေးပို့မှုမှတစ်ဆင့် ဟော့ဂျာက ပယ်နယ်တီစည်းထိပ်မှ ကန်သွင်းခဲ့ရာ ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်း ၆၇ မိနစ်တွင် ဝက်ကင့်စ်က ဗီလာအတွက် ချေပဂိုး သွင်းယူခဲ့သည်။ ၇၁ မိနစ်တွင် ဗီလာမှ တားဂတ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိသောကြောင့် စပါးတို့ အနိုင်ဂိုး ရရှိခဲ့သည်။

အခြားပွဲစဉ်များတွင် ပဲလေ့စ်နှင့် လက်စတာ နှစ်ဂိုးစီ သရေဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းက အိမ်ကွင်း၌ ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

လီဗာပူးနှင့် မန်စီးတီးတို့ပွဲတွင် တစ်ဖက်နှစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ အဆိုပါ ပွဲမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုဖြင့် အကြိတ်အနယ်ရှိခဲ့သည်။ ပထမပိုင်း ဂိုးမရှိ သရေဖြစ်ကာ ဒုတိယပိုင်း ၅၉ မိနစ်တွင် မာနေးက လီဗာပူးအတွက် အဖွင့်ဂိုးသွင်းယူပြီး ၆၉မိနစ်တွင် ဖိုဒင်က ချေပဂိုးသွင်းယူပေးသည်။ ၇၆ မိနစ်တွင် ဆာလာက လီဗာပူးအတွက် ဒုတိယဂိုးသွင်းယူကာ ပွဲကိုဦးဆောင်ခဲ့သော်လည်း ၈၁ မိနစ် တွင် ဒီဘရိုင်းက မန်စီးတီးအတွက် ဒုတိယချေပဂိုးသွင်းယူပေးသည်။

ယင်းနောက် ဂိုးထပ်မံမသွင်းနိုင်ဘဲ ပွဲအပြီးတွင် တစ်ဖက်နှစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ ပွဲစဉ်(၇)အပြီး လီဗာပူးက ၁၅ မှတ်၊ မန်စီးတီးက ၁၄ မှတ်ရရှိထားသည်။

အောင်ဇော်