အုတ်တွင်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပေါက်တောကျေးရွာမှ တောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆန်းဦးက စပါးခွံမီးသွေး၊ သဘာဝမြေသြဇာ ထုတ်လုပ်၍ စပါးခွံပေါင်းခံရည် ထုတ်လုပ်မှု၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးအတွက် အသုံးပြုပုံနှင့် ထုတ်လုပ်နည်းများကို ရှင်းလင်းပြောကြားပြီး တောင်သူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


