ဇူလိုင် ၈
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်တင်းနစ် ကစားသမား တေလာဖရစ်ကို အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ တေလာဖရစ်ကို ၃-၆၊ ၇-၅၊ ၃-၆၊ ၇-၅၊ ၇-၆(၁၀-၄)နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် မှာ ဩစတြေးလျပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား နစ်ခ်ကျာဂျီယော့စ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်ဟာ ယခုနှစ်အတွင်းမှာ ဩစတြေးလျ အိုးပင်းတင်းနစ်ဆုဖလားနဲ့ ပြင်သစ် အိုးပင်းတင်းနစ်ဆုဖလားတွေကို ရယူသိမ်းပိုက်နိုင် ခဲ့ပြီးဖြစ်တာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ဆုဖလားကို လည်း ရယူဆွတ်ခူးနိုင်မယ့် ကစားသမားအဖြစ် ရေပန်းစားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ရာဖေးလ်နာဒယ်ဟာ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မတိုင်မီ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါတစ်ခုရရှိထားတာ ကြောင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ် သွားရဖို့လည်းရှိနေတာ ဖြစ်ပါတယ်။
ငွေကြယ်