စပိန်နိုင်ငံ ကတ်တာလိုးနီးယား ဒေသမှာ အသွားအလာ ပြန်လည် ပိတ်ဆို့

၁၃ ဇူလိုင်

 

 

စပိန်နိုင်ငံ ကတ်တာလိုးနီးယား ပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းရှိ လက်ရီဒါမြို့ကို အသွားအလာ ကန့်သတ် ပိတ်ဆို့လိုက်ပြီး မြို့ခံတွေကို အိမ်မှာပဲ နေရန် ညွှန်ကြားချက်ကို တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။

 

 

ဒေသခံ ၂၀၀,၀၀၀ ကျော်ကို တခြားဒေသတွေကို သွားခွင့်မပြုဘဲ သီးသန့်နေထိုင်ရန် ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက အမိန့်ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုထိန်းချုပ်ရန် အတွက် မတ်လလယ်ပိုင်းက စပြီးအသွားလာပိတ်ဆို့ထားခဲ့ရာမှဇွန် ၂၁ ရက်နေ့တွင် စပိန်အစိုးရက ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။  ဇူလိုင် ၁၂ ရက်နေ့မှာတော့  ပထမဆုံး အကြိမ် အိမ်တွင်းမှာပဲနေရန် အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

 

လက်ရီဒါမှာ နေထိုင်သူတွေဟာ ၁၀ ဦးထက်ကျော်ပြီး စုဝေးခွင့်မရှိကြောင်း၊ အလုပ်သွားရန်အတွက်၊ အစားအစာဝယ်ရန် အတွက် နဲ့ ဆေးကုသရန် အတွက်သာ အိမ်အပြင် ထွက်ခွင့်ရှိကြောင်း သိရပါတယ်။

 

 

လက်ရီဒါ ဒေသဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇၀ ကို ကွင်းဆက်နဲ့ ရှာဖွေတွေ့ရှိခဲ့အတွက် တာဝန်ရှိသူတွေက စိုးရိမ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကတ်တာလိုးနီးယား ဒေသရဲ့ မြို့တော် ဘာစီလိုနာမှာ ပိုးတွေ့ရှိသူ ၃၁ ဦးကနေ ၁၀၇ ဦးအထိ တိုးမြှင့်တွေ့ရှိခဲ့ပါတယ်။

 

 

ဉရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂,၈၂၈,၂၇၀ မှ သေဆုံးသူ ၂၀၂,၃၉၉ ဦး ရှိပါတယ်။ လက်တလောမှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် တစ်ရှိန်ထိုး ကျဆင်းနေတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP