ဖလမ်း ၁၈ မတ်
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီက ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်းကျုံးထန်က COVID-19 ရောဂါဖြစ်ပွားနေမှုနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သိက္ခာတော်ရ ဆရာတော်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် မီဒီယာများက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၁၈ ရက်အထိ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ မတွေ့ရှိသေးကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


