စဉ့်ကိုင်မြို့နယ်တွင်အသက်(၂၅)နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပ 

စဉ့်ကိုင်၊ ၂၂  ဇွန် 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အသက်(၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

 

အဆိုပါ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ လူငယ်ရွက်ပုန်းသီး အားကစားသမားကောင်းများ ဖော်ထုတ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေးနှင့် မြို့နယ်လက်ရွေးစင် ကစားသမားများ ရွေးချယ်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းပြိုင်ပွဲကို အသင်း()သင်း ပါ၀င်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိသွားသော ပလိပ်အသင်းနှင့် ဒုတိယဆုရရှိသွားသော  Prinအသင်းတို့အား ငွေသားနှင့် ဆုဖလားကို တာ၀န်ရှိသူများက အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။

 

ဝင်း၀င်းသန်း (စဉ့်ကိုင်  ပြန်/ဆက်)