စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၂၈ သန်းကျော်ရှိလာ

မေ ၂၆

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၂၈၂၂၈၀ ရှိလာသည်ဟု သိရသည်။

 

အဆိုပါထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၄၃၈ ဦးကို ပီစီအာ စမ်းသပ်စစ်ဆေးမှုဖြင့် ရောဂါကူးစက်မှုကိုတွေ့ရှိခဲ့ပြီး အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့် ၃၇၂၉ ဦးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပီစီအာစမ်းသပ်စစ်ဆေးမှုအနက် ၄၃၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ငါးဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ကို တွေ့ရှိရသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် လတ်တလောကုသမှုခံယူနေသူ ၃၂၃ ဦးရှိပြီး ငါးဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၃၈၀ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို