မေ ၁၈
စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၆၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၄၇၆၇၁ ဦး အထိရှိလာသည်။
ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၆၀၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၆၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။
ပြည်တွင်းကူးစက်မှုများအနက် ၂၈၂ ဦးအား ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ပြီး အေအာတီစမ်းသပ်စစ်ဆေးချက်ဖြင့် ၂၃၂၀ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ဆေးရုံအသီးသီးတွင် ကိုဗစ်ရောဂါကူးစက်ခံရသူများ လတ်တလောကုသမှုခံယူနေသူ ၂၇၅ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ရှစ်ဦးရှိကြောင်း ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၃၆၇ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို