စင်ကာပူ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၄ ဦး ထပ်မံတွေ့ရှိ

၃၁ ဩဂုတ်

 

 

စင်ကာပူ နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၄ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၆၇၇၁ ဦး ရှိကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ခုနစ်ဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ပြီး ရှစ်ဦးမှာ လူအုပ်စု ကူးစက်မှု ဖြစ်ကြောင်းနှင့် ကျန်ရှိသော ကူးစက်ခံရသူများမှာ နိုင်ငံခြားသား အလုပ်သမားများ၏ အိပ်ဆောင်များနှင့် ဆက်စပ်ကာ ကူးစက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ယမန်နေ့က ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံများ၊ သီးခြားထားရာ နေရာများမှ ထပ်မံဆင်းခွင့်ရရှိသူ ၁၃၉ ဦး ရှိရာ စုစုပေါင်း ၅၅၅၈၆ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

လက်ရှိတွင် ဆေးရုံတက် ကုသမှု ခံယူနေသူ ၇၄ ဦး ရှိကြောင်း အတည်ပြုထားသည်။ ၎င်းတို့အနက် အများစုမှာ အခြေအနေ တည်ငြိမ်နေပြီး တိုးတက်ကောင်းမွန်ကြောင်း ဖော်ပြထားသည်။

 

 

၁၀၈၄ ဦးကို သီးခြားခွဲထားပြီး စောင့်ရှောက်ပြုစုထားကြောင်း၊ ၎င်းတို့မှာ ရောဂါလက္ခဏာ မပြင်းထန်ကြောင်း သို့မဟုတ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိရသော်လည်း ဆေးပညာ ရှုထောင့်အရ ကောင်းမွန်နေကြောင်း တွေ့ရှိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို