စလင်းမြို့နယ်တွင် လက်ထောက်မူလတန်းပြ အသစ်ခန့် ဆရာ/ဆရာမများအား ရက်တိုမွန်းမံသင်တန်းပေး

စလင်း ဇွန် ၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လက်ထောက်မူလတန်းပြ (ပထမ)အကြိမ် အသစ်ခန့် ဆရာ/ဆရာမများအား ရက်တိုမွန်းမံသင်တန်းကို ဇွန် ၄ ရက် နံနက် ၉ နာရီက စလင်းမြို့ အခြေခံပညာ အမှတ်(၁) အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယပညာရေးမှူး ဦးရာဇာထက်မှ ထပ်ဆင့်၍ လိုအပ်သည်များကို မှာကြားပြောကြားခဲ့သည်။

 

လက်ထောက်မူလတန်းပြ (ပထမ)အကြိမ် အသစ်ခန့် ဆရာ/ဆရာမများကို သင်တန်းနည်းပြအဖြစ် ဆရာ/ဆရာမ (၅)ဦးမှ ပို့ချသင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး၊ ဒုတိယပညာရေးမှူး ဦးရာဇာထက်၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်းဦး၊ ဦးအောင်မြင့်ထွန်း၊ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ရွှေသဥ္ဇာ၊ ဒေါ်လဲ့လဲ့ဝင်းမောင်တို့မှ မူလတန်းသင်ခန်းစာနှင့် ပတ်သက်သည်များကို ဇွန် ၄ ရက်မှ ဇွန် ၁၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသို့ ဆရာ/ဆရာမ (၁၃၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)