နေပြည်တော် မေ ၂၅

 

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅)၌ ကျင်းပသည်။

 

ပေးအပ်

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(၂၀၂၆-၂၀၃၀)ကို ယခင်ရေးဆွဲဆောင်ရွက်ခဲ့သည့် မဟာဗျူဟာ(၂၀၁၈-၂၀၂၃)က ရရှိခဲ့သောသင်ခန်းစာများနှင့် လက်တွေ့ ကျသောအတွေ့အကြုံများကို အရင်းတည်ကာ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ရမည့် အမျိုးသားအဆင့် လမ်းပြမြေပုံတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ အရည်အသွေး စစ်ဆေးထောက်ခံမှု စနစ်များ အားကောင်းလာစေရေး လုပ်ငန်းစဉ်များ၊ ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု လျှော့ချရေးအတွက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများကို တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ပေးနိုင်ရန် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို အားပေးမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို  ထည့်သွင်းရေးသားထားကြောင်းပြောကြားပြီး စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) စာအုပ်များကို အခမ်းအနား တက်ရောက်သည့် ဧည့်သည်တော်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်