စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းဆောင်ရွက်နေမှုများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ  ၃၁

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၅ / ၂၀၂၂)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၈)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၁၀၉၁) နေရာအတွက် ရေးဖြေစာမေးပွဲ အမှတ်စဉ် (၂ / ၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် စာစစ်ဌာန (၅) ခု၌ ကျင်းပခဲ့သည်။

 

အဆိုပါ ရေးဖြေစာမေးပွဲတွင် ဖြေဆိုသူ(၂၃၃၄)ဦးထဲမှ ရေးဖြေအောင်မြင်သူ နိုင်ငံ့ဝန်ထမ်းအမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ် (၇၄၇)ဦးတို့အား စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) နေပြည်တော်၌ ဆောင်ရွက်လျက်ရှိသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများတွင် ရွေးချယ်ခန့်ထားမည့် ရေးဖြေစာမေးပွဲအောင် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ်များအား နေပြည်တော်၊ ရုံးအမှတ်(၁၇)၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေးရေးအဖွဲ့များခွဲ၍ လူတွေ့စစ်ဆေးနေမှုများ၊ စိတ်အခြေ အနေ စစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့် လူတွေ့စိတ်စစ်ဆေးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် စာမေးပွဲဖြေဆိုရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ်များအား လိုက်လံနှုတ်ဆက်ပြီး နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် အရည်အချင်း ပြည့်ဝပြီး နိုင်ငံနှင့် လူမျိုးအတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးလိုစိတ်များ ထားရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဘဝတိုးတက်မှုအတွက် ကြီးမားသော အပြောင်းအလဲ အောင်မြင်မှုဖြစ်၍ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးစကားပြောကြားသည်။

 

ကျန်ရှိသောစိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်ထားသည့် နေ့ရက်များအတိုင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေ ရေး ဘုတ်အဖွဲ့များခွဲ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

photos 1.jpg