ဆန်းရယ်ဂျင်နဲ့ တွဲဖက်ကာ ဇာတ်လမ်းတွဲရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်မယ့် ယွန်ဝူဂျင်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦး ဖြစ်သူ ဆန်းရယ်ဂျင်ဟာ အချစ်ဇာတ်လမ်းမျိုးတွေနဲ့ အတော်လေးအောင်မြင်တဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ သူဟာ မကြာမီမှာ အချစ်ဇာတ်လမ်းတွဲ တစ်ခုနဲ့ ပရိသတ်ရှေ့ အရောက်ပြန်လာဖို့ရာ ရှိနေပြီး ဆန်းရယ်ဂျင်နဲ့ တွဲဖက်ကာ မင်းသား ဟွန်ဝူဂျင် ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ဇွန် ၁ ရက်မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ JTBC ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲရုပ်ရှင်မှာ ဆန်းရယ်ဂျင်နဲ့အပြိုင် အဓိကအမျိုးသားဇာတ်ဆောင်အဖြစ် ယွန်ဝူဂျန် ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကို Thirty-Nine လို့ ယာယီ အမည်ပေးထားပြီး အသက်လေးဆယ်အရွယ်အပိုင်းအခြားရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ဆန်းရယ်ဂျင် က ပါဝင်သွားမှာဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ အသက် ၄ဝ ဝန်းကျင် သူငယ်ချင်းသုံးဦးအကြောင်းကို ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဆန်းရယ်ဂျင်ဟာ ချမ်းသာတဲ့ မိသားစုမှဖြစ်ပြီး အရေပြားအထူးကုဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အသက် ၄ဝ ပြည့်ခါနီးမှာ ချစ်သူနဲ့ အဆင်မပြေဖြစ်ကာ လက်ထပ်မယ့် အစီအစဉ် တွေကိုလည်း ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ ယွန်ဝူဂျင် ပါဝင်သွားမယ့် ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ အခြားသောဇာတ်ဆောင်တွေအဖြစ်  ဂျွန်မီဒိုနဲ့ အာဆိုဟီးတို့လည်း ပါဝင် ထားကြကြောင်း သိရပါတယ်။

အေးပြည့်