ဆင်ပြုစုရေးနှင့် ဆင်ဘဝ (ပခုက္ကူစာပေဆုရ)

၂၀ မတ်

 

၂၀၁၆  ခုနှစ်အတွက်  ပခုက္ကူစာပေဆု သုတေသနစာပေ  ပထမဆုရရှိသည့် ကိုကိုညိမ်း(ကောလင်း)၏ "ဆင်ပြုစုရေး နှင့်ဆင်ဘဝ" စာအုပ်ကို  ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဆင်တို့၏  အမူအကျင့်သဘာဝနှင့် လူသားအကျိုးပြုလုပ်ငန်းများအတွက် ဆင်များ၏အသုံးဝင်ပုံကို အချက်အလက် အထောက်အထားများဖြင့် ရေးသားထားပြီး နိုင်ငံ့ရတနာတစ်မျိုးဖြစ်သော ဆင်တို့ကို ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ သတ်ဖြတ်ခြင်းများ  မပြုဘဲတန်ဖိုးထား သင့်ကြောင်းကို      ဗဟုသုတဖြစ်ဖွယ် တိုက်တွန်းရေးသားထားသဖြင့် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ် ဖြစ်သည်။ 

 

တစ်အုပ်လျှင် ငွေကျပ် ၁၂၀ဝ ဖြင့် ရောင်းချပေးနေပြီး အမှတ် ၅၂၉- ၅၃၁  ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈၊ အမှတ် တ-၅၅ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၆၇- ၃၄၁ ၄၆၈၁၊ ၈၆လမ်း ၂၁ လမ်းနှင့် ၂၂လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ဝ၂-  ၄၀၃၀၁၈၆  နှင့်  အမြို့ မြို့ အနယ်နယ်ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်  ၅၂၉-  ၅၃၁  ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း ဝ၁ -၂၄ ၉၀၃၁၊  ဝ၁- ၃၈၁၄ ၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မြန်မာ့အလင်း စာအုပ်စင်