အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားသည် ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြိုင်ဘက် ဂျာမနီထိပ်တန်းတင်းနစ်ကစားသမား အလက်ဇန္ဒြား ဇဗဲရက်ဇ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၇ (၇-၉)၊ ၇-၆ (၇-၂)၊ ၆-၃၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ငါးကြိမ် မြောက် ဂရင်းဆလမ်းဆုဖလားကို ဆွတ်ခူးသိမ်းပိုက်နိုင်ခဲ့သည်။
ဆင်းနားသည် ဇဗဲရက်ဇ်ကို အနိုင်ရရှိရန် အချိန် ၃ နာရီနှင့် ၄၆ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရသည်။ ဆင်းနားသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ဆားဘီးယားထိပ်တန်းတင်းနစ်အကျော်အမော် နိုဗက်ခ် ဂျိုကိုဗစ်ကို ၆-၄၊ ၆-၄၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲ တက်လှမ်းလာသူဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း ဇဗဲရက်ဇ်ကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဝင်ဘယ်ဒန်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အောင်ဇော်


