မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲပေးရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးရာတွင် လည်းကောင်း အမှန်အမှတ်အသားပါသော တံဆိပ်တုံးဖြင့် ရိုက်နှိပ်၍ ဆန္ဒပြုရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တံဆိပ်တုံးဖြင့်ရိုက်နှိပ်၍ ဆန္ဒပြုရမည့်ဆန္ဒမဲလက်မှတ်များအတွက် ခိုင်လုံမဲနမူနာပုံစံများနှင့် ပယ်မဲနမူနာ ပုံစံများကို ထုတ်ပြန်အသိပေး ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


