ဆန်ဒီယေဂိုအိုးပင်းပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အဖွင့်လှခဲ့တဲ့ အန်ဒီမာရေး

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ ဆန်ဒီယေဂိုအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အဖွင့်လှခဲ့ပါတယ်။ အန်ဒီမာရေးဟာ ဆန်ဒီယေဂိုအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာ အမေရိကန်တင်းနစ်ကစားသမား ဒန်းနစ်ကူဒလာနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အန်ဒီမာရေးက ၆-၃၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်း အန်ဒီမာရေးဟာ ဆန်ဒီယေဂိုအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၀ နေရာမှာ ရပ်တည် နေတဲ့ နော်ဝေတင်းနစ်ကစားသမား ကတ်စပါရုဒ်နဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ လက်ရှိမှာ အမျိုးသားတင်းနစ် လောကရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၀၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်