ဆွံ့အနားမကြားကလေးငယ်များအတွက် ဝမ်သန်း ၅ဝ ယိုအင်နာ လှူဒါန်း

တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်သူ ယိုအင်နာဟာ ဆွံ့အနားမကြားကလေးငယ်တွေအတွက် ဝမ်သန်း ၅၀ ကို လတ်တလောမှာ လှူဒါန်းခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက် တွေအရ သိရပါတယ်။

ယိုအင်နာဟာ Snailof Love လို့ အမည်ရတဲ့ လူမှုဖူလုံရေးအဖွဲ့မှတစ်ဆင့် အလှူငွေကို လှူဒါန်းခဲ့တာပါ။ ဒီလိုလှူဒါန်းတာဟာ သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ယိုအင်နာဟာ ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ ဆွံ့အနားမကြားကလေးငယ်တွေအတွက် တောင်ကိုရီးယားဝမ်သန်း ၂၃၀ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုကြောင့် ကလေးငယ် ၂၀ ဟာ အကြားအာရုံ ပြန်လည် ကောင်းမွန်ဖို့အတွက် ခွဲစိတ်ကုသမှုတွေခံယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ယိုအင်နာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Snowdrop ကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ JTBC ရုပ်သံလိုင်းမှ အထူးပွဲထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်