ဆိပ်ဖြူ  ၂၁   အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြန့်မားလယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်သီးနှံ စိုက်ပျိုးတောင်သူများအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးနေကြောင်း သိရှိရသည်။

 

ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ    ကျပ်သိန်း ၄၆၄၃ ဒဿမ ၅၀ သိန်း ကိုလျှာထား၍ ကျေးရွာ ၂၀ မှ တောင်သူ ၉၈၇ ဦး အတွက် စပါး ၁၃ ဧကအတွက် တစ်ဧကလျှင်  (၁)သိန်းခွဲကျပ်နှုန်းဖြင့် (၁၉၅၀ဝ၀ဝ)ကျပ်၊ အခြားသီးနှံ ၄၆၂၄ ဧကအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၄၆၂၄၀ဝ၀ဝ၀ကျပ် စုစုပေါင်း  ကျပ်သိန်း( ၄၆၄၃ ဒဿမ ၅၀ )သိန်းကို ထုတ်ချေးပေးရန်လျှာထားဆောင်ရွက်လျှက်ရှိကြောင်း ဆောင်သီးနှံစိုက်ပျိုးတောင်သူများကို အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ပြီး ဒီဇင်ဘာလအတွင်း အပြီးထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်ထားရှိကာ တောင်သူအများကို စိုက်ပျိုးချိန်အမှီ သတ်မှတ်စည်းကမ်းများနှင့်အညီ ငွေစာရင်းစာအုပ်ဖွင့်လှစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)နှင့်အညီ ဦးပိုင်အမည်ပေါက် ကိုက်ညီမှု ရှိ/မရှိစစ်ဆေး၍ ကိုက်ညီသောတောင်သူ တစ်ဦးချင်းအလိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) အပေါင်ထားထုတ်ချေးပေးလျှက်ရှိကြောင်း ၊

 

၂၀၁၉ခုနှစ် မိုးစိုက်ပျိုးစရိတ် ၂၂၁၉၇၅၀ဝ၀ဝ သိန်းအားထုတ်ချေးပေးနိုင်ကြောင်း၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးယူထားသည့် တောင်သူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်  ၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရန် သတ်မှတ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသိရှိရပြီး အခြားသီးနှံစိုက်ပျိုး တောင်သူများအနေသူများက အခြာသီးနှံ စိုက်မှုအတွက် ယခင်က တစ်ဧက စိုက်ပျိုးစရိတ်ချေးငွေ (၅)သောင်းကျပ်သာ ထုတ်ချေးပေးခဲ့ရာမှ   ၂၀၁၈ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီကာလမှ စတင်၍ တစ်ဧက စိုက်ပျိုးစရိတ်ချေးငွေး (၁)သိန်းကျပ်အထိ တိုးမြှင့်ထုတ်ချေးခဲ့သည့်အတွက် တောင်သူများအတွင် အထိုက် အလျောက် အဆင်ပြေခဲ့သည့်အတွက်  နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးထံမှ သိရသည်။

             

စိုးလင်းနိုင်(IPRD)