ဆီးဂိမ်း Kun Bokator  အားကစားနည်းတွင် မြန်မာ ရွှေတံဆိပ်ဆွတ်ခူး

 

ရန်ကုန်၊ မေ ၈

 

ဆီးဂိမ်း Kun Bokator ပြိုင်ပွဲနောက်ဆုံးနေ့ကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်ဆု စတင်ဆွတ်ခူးရရှိခဲ့သည်။

 

ပထမဆုံးရွှေတံဆိပ်ဆု

 

မြန်မာ Kun Bokator အားကစားအဖွဲ့သည် မေ ၈ ရက်ပွဲစဉ်များတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ Kun Bokator အားကစားအဖွဲ့အတွက်   ပထမဆုံး ရွှေတံဆိပ်ဆုကို    အမျိုးသားနှစ်ယောက် + အမျိုးသမီး တစ်ယောက် အတွဲပြိုင်ပွဲတွင်  ပိုင်ဇေယျာဖြိုး၊  အံ့ဘွယ်ငြိမ်းနှင့်  နီလာစိုးဦးအတွဲက ရမှတ် ၈ ဒသမ ၆၆၅၈ မှတ်ဖြင့်   ရယူနိုင်ခဲ့ပြီး   ကမ္ဘောဒီးယားအတွဲက  ၈ ဒသမ ၄၉၉၂  မှတ်ဖြင့်  ငွေတံဆိပ်၊ လာအိုအတွဲက ၈ ဒသမ ၁၆၅၉ မှတ်ဖြင့်  ကြေးတံဆိပ် ရရှိခဲ့သည်။     

 

မြန်မာ Kun Bokator အားကစားအဖွဲ့ အတွက် ငွေတံဆိပ်ဆုကို  အမျိုးသမီးလက်သိုင်းအပြပြိုင်ပွဲတွင် သိင်္ဂီဝင်းကျော်၊ ကြေးတံဆိပ်ဆုများကို အမျိုးသား ဓားကောက်စွမ်းရည်ပြပြိုင်ပွဲတွင် အံ့ဘွယ်ငြိမ်း၊ အမျိုးသမီး သုံးယောက်တွဲစွမ်းရည်ပြပြိုင်ပွဲတွင် ဝတ်ရည်ဦး၊ မြတ်နိုးဝေနှင့် သိင်္ဂီဝင်းကျော်အတွဲ၊ အမျိုးသားနှစ်ယောက်တွဲ စွမ်းရည်ပြပြိုင်ပွဲတွင် အောင်ပြည့်စုံနှင့် ခန့်လွန်းဇော်အတွဲတို့က ရယူနိုင်ခဲ့သည်။

 

ဆီးဂိမ်း Kun Bokator ပြိုင်ပွဲကို မေ ၄ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီးမြန်မာ Kun Bokator အားကစားအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ခြောက်ခု ဆွတ်ခူးရရှိခဲ့သည်။

 

သတင်း- ရှိုင်းထက်ဇော်

ဓာတ်ပုံ- seagames2023