ဆွီဒင် သိပ္ပံပညာရှင် Svante Paabo ယခုနှစ်အတွက် ဆေးပညာနိုဘယ်လ်ဆု ရရှိ

 

စတော့ဟုမ်း အောက်တိုဘာ ၅

 

ဆွီဒင် သိပ္ပံပညာရှင် Svante Paabo က လူသားများ၏ မူလအစကို လေ့လာရာတွင် သူ၏ရှာဖွေတွေ့ရှိမှုသည် အထောက်အကူပြုစေသည့်အတွက် သူ့အားနိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီက  ယခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

Paabo သည် နှစ်ပေါင်း ၄၀၀၀၀ သက်တမ်းရှိ အရိုးအပိုင်းကို အသုံးပြုပြီး ဥရောပကျောက်ခေတ်လူသားဆိုင်ရာ DNA ဆဲလ်များစီတန်းခြင်းနှင့် စုစည်းမှုတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

 

ယခုအခါ မျိုးသုဉ်းလုနီးပါးဖြစ်သည့် Hominin သို့မဟုတ် Denisova ရှေးဟောင်းလူသားမျိုးစိတ်တစ်မျိုးကို တွေ့ရှိခဲ့သည်။ အဆိုပါမျိုးစိတ်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀၀၀၀ ခန့်က အာဖရိကမှ ရွှေ့ပြောင်းလာပြီးနောက် ၎င်းတို့မှတစ်ဆင့် ခေတ်သစ်လူသားမျိုးစိတ်တစ်မျိုးဖြစ်သည့် Homo sapiens သို့ မျိုးဗီဇ လွှဲပြောင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Paabo က တွေ့ရှိခဲ့သည်။

 

Paabo သည် ဂျာမနီတွင် မနုဿဗေဒ ဆင့်ကဲဖြစ်စဉ်အတွက် Max Planck Institute ကို တည်ထောင်ခဲ့သည်။ ထို့ပြင် ဂျပန် နိုင်ငံ အိုကီနာဝါမြို့ရှိ Institute of Science and Technology Graduate University တွင် တွဲဖက် ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

Paabo ၏ဖခင်သည် ၁၉၈၂ ခုနှစ်တွင် ဆေးပညာနိုဘယ်လ်ဆုကို ရရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အောင်ကျော်ကျော်