ဆီဆိုင် ဧပြီ ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဈေးမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။

 

 ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တက်ရောက်လာသည့် ပြည်သူများအား လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)