ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

နေပြည်တော်   ဇွန်   ၂

 

၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်     နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊   ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းသားသမီးများအား ကျောင်းဖွင့်ရာသီတွင် အချိန်အခါ ရှိခိုက်  လုံ့လစိုက်၍   ကျောင်းနေ ပျော်၍ပညာတော်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးထောက်ပံ့မှု များရှိသလို ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ်ပညာသင်ထောက်ပံ့ကြေးပေး လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူလေးများကလည်း နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုးကို သယ်ပိုး ထမ်းရွက်နိုင်သူများဖြစ်အောင် ကြိုးစားစေလိုပါကြောင်း။

 

နိုင်ငံတိုင်း နိုင်ငံတိုင်း   မိမိတို့ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကိုဖော်ဆောင်နိုင်ရန် လူသား အရင်းအမြစ်   (Humen Reso-urces) ကို အဓိကအဖြစ် လက်ခံ ထားကြကြောင်း၊ လူသားအရင်းအမြစ် ဟူသည်  “ပညာ”   အပေါ် အဓိကမူတည်၍ တည်ဆောက် ခြင်းဖြစ်ပြီး ပညာရေးကိုအဓိက အလေးထား  လုပ်ဆောင်ကြသည်ကို    သိရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား  ကျောင်းသူလေးများအနေဖြင့် အနာဂတ်နိုင်ငံတော်ကြီးအတွက်     အားကိုးအားထားပြုရသော ဉာဏ်ပညာထူးချွန် ထက်မြက်သည့်   သားကောင်း ရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ဆတက်ထမ်းပိုး ကြိုးစားကြရန် လိုပါကြောင်း။

 

နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၁၂)ရပ်အနက် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား    အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးဟူသည့် ဦးတည်ချက်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူလေး များအနေဖြင့်   ဘက်စုံထူးချွန်အောင် လေ့လာလေ့ကျင့်သင်ယူ၍   ကြိုးစားဆောင်ရွက်ကြရန် အလေးအနက်     မှာကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်း ၅၇၂ ဦး၊ အလယ်တန်း  ၂၃၈  ဦး၊   အထက်တန်း ၂၄၉ ဦး   စုစုပေါင်း ကျောင်းသား ကျောင်းသူ  ၁၀၅၉ ဦးကို  ပညာသင်ထောက်ပံ့ကြေးများ  ပေးအပ်ပြီး  ကျောင်းသား ကျောင်းသူများ ကိုယ်စား   ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။   

သတင်းစဉ်