ဆွစ်ဇာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအများစုဟာ အသက် ၄၀ အောက်သူတွေ များလာကြောင်း သိရ

၅ စက်တင်ဘာ


ဆွစ်ဇာလန်နိုင်ငံမှာ ၂၄ နာရီအတွင်း သောကြာနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀၀ ကျော်ရှိရာ ဧပြီလနောက်ပိုင်းမှာ အများဆုံး ကူးစက်မှုဖြစ်ကြောင်းနဲ့ ကူးစက်ခံရသူအများစုဟာ အသက် ၄၀ အောက်တွေ များကြောင်း သိရပါတယ်။ 


လူဦးရေ ၈.၅ သန်းနေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄ နာရီအတွင်း ၄၀၅ ဦး ရှိကြောင်း သိရပါတယ်။ 


ဆွစ်ဇာလန်နိုင်ငံမှာ ဖေဖော်ဝါရီလကနေ စပြီး ကပ်ရောဂါပိုး ပြန့်ပွားကူးစက်နေတဲ့ အချိန်အတွင်းမှာ ၃၉ ရာခိုင်နှုန်းဟာ အသက် ၄၀ အောက်တွေဖြစ်ပေမယ့် လက်တလောဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေရဲ့ လေးပုံသုံးပုံဟာ အသက် ၄၀ အောက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွေမှာ ပါရှိပါတယ်။ 


ဉရောပနိုင်ငံတွေထဲမှာ အစောဆုံး ဗိုင်းရပ်စ်ပိုးကူးစက်ရာ ဗဟိုချက်ဖြစ်တဲ့ အီလီတီနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်ခဲ့ပေမယ့် ဆွစ်ဇာလန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှုဒဏ် မခံခဲ့ရဘူးဖြစ်သလို နိုင်ငံတွင်းမှာ အသွားအလာကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ 


ဧပြီ ၂၇ ရက်နေ့စပြီး ဘားတွေနဲ့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရသလို နိုက်ကလပ်တွေပါ ဖွင့်ခွင့်ရရှိခဲ့ပါတယ်။ ကလေးငယ်တွေလည်း ကျောင်းပြန်တက်ခွင့်ရပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မူလတန်းကျောင်း နှစ်ကျောင်း ပြန်ပိတ်ခဲ့ပါတယ်။ ဆရာတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ကလေးငယ် ၃၉ ဦးကို အသွားအလာကန့်သတ် စောင့်ကြည့်မှုအောက်မှာ ထားရှိခဲ့ပါတယ်။ 


ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေ တစ်သန်းကျော်ဟာ ဗိုင်းရပ်စ်ပိုးစစ်ဆေးရန် နှာခေါင်းတို့ဖတ်နမူနာယူပြီး ကြောင်း၊ လူဦးရေ ၁,၀၇၀,၉၁၀  မှာ ၄.၈ သန်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ပါတယ်။ 


လာမယ့် တနင်္လာနေ့ကစပြီး ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိလာမယ့် ခရိုအေးရှား၊ လက်ဘနွန်၊ ယူကရိုန်းနဲ့ ယူအေအီနိုင်ငံတွေမှာ နိုင်ငံသားတွေဟာ ၁၀ ရက်တိတိ အသွားအလာကန့်သတ်မှုအောက်မှာ နေရမယ်လို့ ထပ်တိုးနိုင်ငံစာရင်းအရ သိရပါတယ်။ 


ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိ၊ အမေရိကန်နဲ့ စပိန်နိုင်ငံ တွေမှာ နိုင်ငံသားတွေဟာ မူလစာရင်းမှာပါရှိပြီး ဖြစ်ပါတယ်။ 


MDN
ကိုးကား- AFP