mdn

ဟိုပုံး ၂၃ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့မအုပ်စုတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော SR-456 မိုးစပါးတို့မှာ ရင့်မှည့်လာ၍ ယမန်နေ့က စပါးရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် မိုးစပါးစံကွက်ကို တောင်သူဦးဌေး၏ လယ်ဧက()ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက စံကွက်ရိတ်သိမ်းမည့်လယ်ကွက်တွင် ()ဧကရှိကောက်ကွက်၊ အနှံပါပင်ပွား၊ တစ်နှံပါ အောင်စေ့၊ အစေ့ (၁၀၀၀)အလေးချိန် စသည့် စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းကို တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အသုံးပြုရိတ်သိမ်းသဖြင့် အချိန်ကုန်အလုပ်သက်သာခြင်း၊ စရိတ်သက်သာခြင်း၊ စပါးအလေအလွင့်နည်းပါးခြင်း၊ လုပ်သားရှားပါးမှုအတွက် ပူပင်စရာမလိုခြင်း၊ ဆောင်းသီးနှံစိုက်ပျိုးရန် အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ စျေးကွက်အတွင်း စပါးများလျင်မြန်စွာ ရောင်းချနိုင်ခြင်းတို့ကြောင့် စက်များကို အားကိုးအားထားပြုကာ ရိတ်သိမ်းနေရကြောင်း သိရသည်။

 

ထို့နောက် မိုးစပါး SR-456  မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း(၁၂၃)တင်း၊ အခြောက်တစ်ဧက အထွက်နှုန်း (၁၀၅ ဒသမ ၈၂)တင်း ထွက်ရှိကြောင်း၊ ဟိုပုံးမြို့နယ်အနေဖြင့် မြို့မအုပ်စု၊ နမ့်ခုတ်အုပ်စု၊ ပေါင်လင်းအုပ်စုကျေးရွာအုပ်စုအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၄၅)ဧက စိုက်ပျိုးထားရှိရာ မိုးစပါးများအား မြို့နယ်အတွင်း ဧက(၂၀၀၀၀)ကျော် စိုက်ပျိုးထားရှိပါကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီး ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ခင်းများအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ပါကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှ သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)