စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် လဟယ်မြို့၌ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် တွေ့ဆုံပွဲ ကျင်းပ

 

မုံရွာ   ဧပြီ   ၉

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ခရိုင်/မြို့နယ်ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အဆိုပါအခမ်းအနားတွင်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား   ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့မိမြို့ဖများနှင့် နာဂရိုးရာစာပေနှင့်   ယဉ်ကျေးမှုကော်မတီများမှ  တာဝန်ရှိသူများက မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်/မြို့နယ်ဒေသအဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့သည်။

 

ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်   လဟယ်မြို့ ဟွေထိုက် အသေးစား  ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အကျယ်  ငါးဧကမြေပေါ်တွင်  ရိုးရာကွင်း အသစ် တည်ဆောက်မည့် မြေနေရာနှင့် ပြည်သူ့အားကစားကွင်း     ဘောလုံးကွင်းအဆင့်မြှင့်တင်နေမှုများ၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းဝင်းအတွင်း မြေထိန်းနံရံ၊   သိမ်ကျောင်းနှင့်   ဆွမ်းစားဆောင် အဆောက်အအုံပတ်ဝန်းကျင်   ကွန်ကရစ်ခင်းကျင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)