မုံရွာ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းမြို့ စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအတွက် အလျား ၉၆ ပေ၊ အနံ ၃၆ ပေ၊ RC လေးခန်းတွဲ သုံးထပ်၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး သည်။
ယင်းနောက် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ “မဟာစေတီကြီး” စေတီတော် ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းမြို့ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် တက်ရောက်လာသူများက မိမိတို့ဆောင်ရွက်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


