မုံရွာ ဇွန် ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှင်းလင်းတင်ပြ

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း ဂျုံသီးနှံစိုက်ပျိုးရေးနှင့် အထွက် နှုန်းကောင်းမွန်စေရေးအတွက် လုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)