မုံရွာ မေ ၁၃
၂၀၂၆ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တက်ရောက်လာသူများက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် ကန့်ဘလူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် စစ်ကိုင်းမြို့နယ်အသင်းက အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က ဆုရအမျိုးသား၊ အမျိုးသမီးအားကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိကြသည့် ချောင်းဦးမြို့နယ် အမျိုးသမီးအသင်းနှင့် စစ်ကိုင်းမြို့နယ် အမျိုးသားအသင်းတို့ကို ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


