မုံရွာ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီး- ဆင်သေ - လဟယ် ကားလမ်းရှိ ထိန်ညိုတောင် ရှုခင်းသာနှင့် ရိုးရာအဆောက်အအုံ တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ခန္တီး - ဆင်သေ - လဟယ် ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ်-၇၃-၇၄ ကီလိုမီတာ အကြားရှိ ယာယီမြေထိန်းနံရံ နိမ့်ဆင်းသွားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယင်းနောက် လဟယ်မြို့နယ်ရှိ ဟွေထိုက် ချောင်းပေါ်တွင် ဟွေထိုက် အသေးစားရေအား လျှပ်စစ်လုပ်ငန်း ဆောင်ရွက်နေမှု၊ တောင်သူ ဦးဘယောင်ကိုင်းကီ၏ စိုက်ခင်းတွင် တောင်ယာမိုးစပါးများ စိုက်ပျိုးထားရှိမှု၊ လဟယ်မြို့ရှိ ကြေးတိုင်ပြင်ကွင်းအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာရုံး အဆောက်အအုံများနှင့် ရိုးရာကွင်း ဆောင်ရွက်မည့် အခြေအနေ၊ မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာ၊ မိုးဒါန်းရေကန် အဆင့်မြှင့်တင်ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရွှေ့ပြောင်း တောင်ယာစနစ် လျှော့ချရေးအတွက် နှစ်ရှည်သီးနှံ ကော်ဖီပင်များ၊ လက်ဖက်ပျိုးပင်များ စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးပြီး ဒေသခံ တိုင်းရင်းသား တောင်သူများထံ ကော်ဖီပင်များ၊ လက်ဖက်ပင်များနှင့် မျိုးစေ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


