မုံရွာ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ခန္တီးခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများ၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဆောင်ရွက်မှုတင်ပြချက်များအပေါ် လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ချင်းတွင်းမြစ် ရေတိုက်စားမှုကြောင့် ခန္တီးမြို့ရှိ မြသိန်းတန်စေတီတော် ကမ်းပါးပြိုကျပျက်စီးမှုကိုလည်းကောင်း၊ အောင်သာကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် တောင်သူ ဦးငြိမ်းအောင်သူ မွေးမြူထားရှိသည့် ကြက်မဲနှင့် ဒေသကြက် မွေးမြူရေးခြံကိုလည်းကောင်း၊ ဆိုလာမီးပေးစက်ရုံကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


