ခမ်းပါတ်  ၁၄  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပါတ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ Quarantine Center တွင် ပြည်တွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၏ အာခေါင်နှင့် နှာခေါင်းတို့ဖတ် (swap) ဓာတ်ခွဲနမူနာများကို ယနေ့နံနက် ၉ နာရီက ရယူခဲ့ကြကြောင်း ခမ်းပါတ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဆရာဝန် ဒေါက်တာစန်းလင်းထံမှ သိရှိရသည်။

 

mdn

 

ထိုသို့ရယူရာတွင် ရန်ကုန်မှပြန်လာသူ(၁)ဦး၊မန္တလေးမှ( ၃) ဦး၊တရုတ်နိုင်ငံမှ ပြန်လာသူ( ၃) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ( ၄ ) ဦး စုစုပေါင်း( ၁၁ ) ဦးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဓာတ်ခွဲနမူနာများအား မန္တလေးမြို့ အမျိုသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဗဟိုဌာနသို့ ပေးပို့ စစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဇော်ဝင်းထွန်း