စစ်ကိုင်း ၁၄  အောက်တိုဘာ

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ အောက်တိုဘာ(၁၄)ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ အနေဖြင့် သတင်း အချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။         

 

အဆိုပါ နံရံကပ်စာစောင်များပြသထားရာတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးများ၊  “မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာ-နည်းလမ်းများ”၊ “ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက် တစ်ရပ်ပြုလုပ်ပါ” ကလေးများနှင့် အတူတူ သတင်းကြည့်ရာဝယ်၊ အချက်အလက် နှင့်ထင်မြင် ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား” စသည့် အသိပညာပေး နံရံကပ်ပိုစတာရောင်စုံ (၁၈)မျိုးအား (၁၂)ပေ(၄)ပေနံရံကပ်ပြဘုတ် များဖြင့် ပြသထားကြောင်း သိရသည်။ 

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာလအတွင်း  လူစုလူဝေး မဖြစ်ပေါ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသိပညာပေး လုပ်ငန်းများကို Online မှလည်းကောင်း၊ မြေစိုက်နံရံကပ်ဘုတ်များဖြင့်လည်းကောင်း ပြည်သူများသို့ အသိပညာပေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)